Golden StarGolden Star
Forgot password?

ငွေဆောင် ကမ်းခြေခရီးစဉ်

ငွေဆောင်ကမ်းခြေခရီးစဉ်

ငွေဆောင်ကမ်းခြေသည် ရန်ကုန်မြို့မှ မိုင်(၁၆၀)၀န်းကျင်၊ ပုသိမ်မြို့မှ အနောက်ဘက်သို့ ၄၈ကီလိုမီတာ(မိုင်၃၀) ခန့်အကွာတွင်တည်ရှိပြီး ကြည်လင်၍ အပြာရောင်ရှိသော ပင်လယ်ရေပြင် ဖြူဖွေးသောလှိုင်းများ၊ ရှည်လျားလှပသောသဲသောင်ပြင်တို့အပြင် ညစ်ညမ်းမှုကင်းစင်သည့် သဘာဝအတိုင်း ပတ်ဝန်းကျင်များရှိသဖြင့် မြန်မာနိုင်ငံ၏ အသာယာဆုံးနှင့် ချစ်စရာအကောင်းဆုံးကမ်းခြေတစ်ခုဖြစ်သည်။ ကမ်းခြေမှ မနီးမဝေးတွင်တည်ရှိသော ချစ်သူများကျွန်းသို့ ဒီရေကျချိန်တွင်လမ်းလျှောက်သွားနိုင်ပြီး ကျွန်းပေါ်တွင်တောင်ကလပ်တစ်ခုရှိရာ နေ၀င်ချိန်ညနေရှုခင်းကို တောင်ပေါ်မှမြင်တွေ့ရခြင်းသည် လွန်စွာပြီးပြည့်စုံသော သဘာဝအလှတရားတစ်ခုပင်ဖြစ်သည်။ အမှတ်တရဓါတ်ပုံများ ရိုက်ကူးရန်နေရာကောင်းတစ်ခုလည်းဖြစ်သည်။ ငွေဆောင်ကမ်းခြေနှင့် မဝေးလှသောနေရာတွင် သွားရောက်လေ့လာစရာ ဆင်စခန်းရှိသည်။ သဘာဝကျသော တောတွင်းတစ်နေရာမှ ဗဟုသုတရပြီး အပန်းဖြေနေရာတစ်ခုလည်းဖြစ်သည်။ ကံကြီးချောင်း၊ ဒီရေရောက်တောနှင့် တံငါရွာ၊ သစ်ရောင်းကျွန်းနှင့် ငရုတ်ကောင်းကျွန်းများဆီသို့လည်း သွားရောက်လည်ပတ်နိုင်သည်။

Day(1) ရန်ကုန်မြို့မှ ည (၁၂း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။

ညလည်စာနှင့် ကျန်းမာရေးအတွက် ညောင်တုန်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတားအနီးရှိ ပြည်ကြီးတံခွန်စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ၎င်းညကို ကားပေါ်တွင် အိပ်စက်အနားယူပြီး ငွေဆောင်ကမ်းခြေသို့ဆက်လက်ထွက်ခွာပါမည်။ ကျန်းမာရေးအတွက် လိုအပ်သောနေရာများတွင် ရပ်နားပေးပါမည်။

Day(2) မနက်စောစောတွင် ငွေဆောင်ကမ်းခြေသို့ရောက်ရှိပါမည်။

မနက်စောစောတွင် ငွေဆောင်ကမ်းခြေသို့ရောက်ရှိ ၍ AMBO Hotel သို့ဝင်ရောက်ပါမည်။ ထိုနေ့တွင် ငွေဆောင်ကမ်းခြေတွင် ရေကူးရင်း အပန်းဖြေအနားယူနိုင်ပါသည်။ ထိုနေ့အတွက် နေ့လည်စာနှင့် ညစာကို Hotel တွင်သုံးဆောင်ပါမည်။ ၎င်းညကို AMBO Hotel တွင်အိပ်စက်အနားယူပါမည်။

Day(3) Hotel တွင် မနက်စာ သုံးဆောင်မည် ။

Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် Hotel တွင်အနားယူအပန်းဖြေပါမည်။ ၎င်းနေ့တွင် ငွေဆောင်ရှိ ချစ်သူများကျွန်းသို့ လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နေ့အတွက် ညနေစာနှင့်ညစာကို Hotel တွင်သုံးဆောင်ပါမည်။ ၎င်းညကို AMBO Hotel တွင်အိပ်စက်အနားယူပါမည်။

Day(4) နံနက်(၉း၀၀)နာရီတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။

နံနက်(၉း၀၀)နာရီတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို ပုသိမ်မြို့ဘုရင်မထမင်းဆိုင် တွင်သုံးဆောင်ပြီးနောက် (မိမိအစီအစဉ်ဖြင့်) အိမ်အပြန်လက်ဆောင် ပုသိမ်ထီး၊ ဟာလ၀ါဝယ်ရန်ခေတ္တရပ်နားပေးပါမည်။ ထို့နောက်ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပြီး ဗိုလ်မြတ်ထွန်းတံတားအနီး ပြည်ကြီးတံခွန်စားသောက်ဆိုင်တွင် ကျန်းမာရေးအတွက် ခေတ္တရပ်နားပေးပါမည်။ ညနေ(၆း၀၀)နာရီိခန့်တွင် ရန်ကုန်မြို့သို့အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိပါမည်။