Golden StarGolden Star
Forgot password?

ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်

ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်

မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားလေးဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း၏ ပေါင်းလောင်း တောင်ပေါ်တွင် စံပယ်တော်မူသည်။ ပင်လယ်ရေမျက်နှာနှာပြင်အထက် ပေ ၃၆၀၀တွင်တည်ရှိသော ကျိုက်ထီးရိုး စေတီတော်၏ကျောက်တုံးကြီး လုံးပတ်မှာ ၅၅တောင်တစ်မိုက်ခန့်ရှိပြီး အမြင့်မှာ ၈၃ တောင်မြင့်သည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်များ ကိန်းဝပ် အပူဇော်ခံယူနေသည်ဟူသော ယုံကြည်မှုဖြင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများလာရောက် ဖူးမြော်ကြသည်သာမက ယခုနောက်ပိုင်းတွင်နိုင်ငံတကာမှကမ္ဘာလှည့်ခရီးသွား များပါ လာရောက်ကြရာ များစွာစည်ကားလှသည်။ ရန်ကုန်မှကျိုက်ထီးရိုးစေတီတည်ရှိရာ ကင်ပွန်းစခန်းတောင်ခြေအထိ မိုင်၁၂၀၀န်းကျင်၊ ၎င်းမှစေတီရင်ပြင်သို့ရှစ်မိုင်ခန့်ကွာဝေးသည်။ ဘုရားသို့တက်ရာလမ်းတလျှောက်တွင် ဘုရားဖူးများ နားနေတည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့အစရှိသည့်စခန်းများ၌ ဈေးဆိုင်ကန္နားများရှိပြီး မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသောစေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နုတ်စသည့်နတ်နန်းများကိုလည်း တွေ့ရှိနိုင်သည်။ ကျိုက်ထီးရိုးဘုရားမှတဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကိုဖြတ်၍ လေးမိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြော်ဆုတောင်း လေ့ရှိပြီး ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီးနတ်နန်း၊ ဘုရားမြောက်ဘက်ရှိ ကျီးကန်းပါးစပ်(ခေါ်) ကျောက်ဂူနေရာတို့မှာဘုရားဖူးများ ဆုတောင်းအဓိဋ္ဌာန်ပြုလေ့ရှိကြသည်။ ကျိုက်ထီးရိုးရင်ပြင်တော်မှမြင်ရသော ရှုမျှော်ခင်းများမှာ အလွန်သာယာပြီး သဘာဝရေတံခွန်ကလည်းတမူထူးခြားစွာလှပသည်။ သစ်တောထွက်ပစ္စည်းမျိုးစုံ၊ ယိုမျိုစုံ၊ သစ်ခွနှင့် သဘာဝတိုင်းရင်းဆေး၊ ဘယဆေးမျိုးစုံတို့ကိုလည်း ရရှိနိုင်သည်။

Day (1) ရန်ကုန်မြို့မှ ည ၈နာရီတွင် စတင်ထွက်ခွာပါမည်။

ရန်ကုန်မြို့မှ ည ၈နာရီတွင် စတင်ထွက်ခွာပါမည်။ ပဲခူးမြို့ရှိ ရှမ်းမေတ္တာစားသောက်ဆိုင်တွင် ခေတ္တ၀င်ရောက်နားပါမည်။ ကင်ပွန်းစခန်းသို့ မနက်စောစောတွင်ရောက်ရှိပြီး ကောင်းစ်ထမင်းဆိုင်တွင် အနားယူပါမည်။

Day(2) မနက် ၆နာရီိတွင် ကျိုက်ီထီးရိုး တောင်ပေါ်သို့ စတင်ထွက်ခွာပါမည်။

မနက် ၆နာရီိတွင် ကျိုက်ီထီးရိုး တောင်ပေါ်သို့ စတင်ထွက်ခွာပါမည်။ တောင်ပေါ်မှတဆင့်မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရားများကို ဖူးမြှော်ရင်း ၄မိုင်ခန့်ကွာဝေးသော ကျောက်ထပ်ကြီးသို့ သွားရောက်ဖူးမြှော်နိုင်ပါသည်။ ညပိုင်းတွင် ကျိုက်ထီးရိုးတောင်ပေါ်တွင် အေးချမ်းစွာ ဘုရားဝတ်ပြုနိုင်ပါသည်။ ကြိုက်နှစ်သက်ရာ တည်းခိုဆောင်၊ ဟိုတယ်များတွင်တည်းခိုပြီး ဈေးနှုန်းသင့်တင့်မျှတသောစားသောက်ဆိုင်များတွင် သုံးဆာင်နိုင်ပါသည်။

Day(3) မနက်စောစောအာရုဏ်တက်ချိန်တွင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးကိုအာရုဏ်ဆွမ်းလှူဒါန်းကပ်လှူနိုင်ပါသည်။

မနက်စောစောအာရုဏ်တက်ချိန်တွင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးကိုအာရုဏ်ဆွမ်းလှူဒါန်းကပ်လှူနိုင်ပါသည်။ ကင်ပွန်းစခန်းမှ နေ့လည် ၁၂နာရီတွင် ကားပြန်လည်ထွက်ခွာမည်ဖြစ်ပြီး လမ်းခရီးစဉ်တလျှောက် ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ ပဲခူးမြို့ရှိ ရွှေမောဓေါဘုရားများသို့ ၀င်ရောက်ဖူးမျှော်ပါမည်။ အပြန်ပဲခုးအထွက် ရှမ်းမေတ္တာ စားသောက်ဆိုင်တွင် ကျန်းမာရေးအတွက်ခေတ္တ ၀င်ရောက်ပြီးနောက် ရန်ကုန်မြို့သို့ ညပိုင်းပြန်လည်ရောက်ရှိပါမည်။