Golden Star Travels & Tour မှ နှုတ်ခွန်းဆက်သပါသည်။ သင့်ခရီးစဉ်အတွက် Golden Star မှ တာဝန်ယူပါရစေ….
ကျွန်တော်တို့ Golden Star ခရီးသွားလုပ်ငန်းသည် ၂၀၁၁ခုနှစ်၊ မတ်လ (၁၄)ရက်နေ့တွင် Company မှတ်ပုံတင်ရရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ခရီးသွားလုပ်ငန်းလိုင်စင်အမှတ် (ခ/၂၅၄၇/၂၀၁၀၂၀၁၁ ခုနှစ်) ကို ရရှိခဲ့ပြီး ခရီးသွားလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့၏ အဓိကရည်ရွယ်ချက်မှာ ခရီးသည်များ၏စိတ်ချမ်းသာမှုကိုလိုလားပြီး ကျွန်တော်တို့ ခရီးသွားလုပ်ငန်းနှင့် လိုက်ပါသောခရီးသည်များ၏ စိတ်ချမ်းသာမှုသည် ကျွန်တော်တို့၏ရည်မှန်းချက်ပင်ဖြစ်ပါသည်။ Golden Star Travels & Tour မှ ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင် ကမ်းခြေခရီးစဉ်များကို နေ့စဉ်ထွက်ရှိပေးပါသည်။ ၄င်းအပြင် ရွှေစက်တော်၊ တောင်ကြီး၊ အင်းလေး၊ မူဆယ်၊ ရွှေလီ၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ၊ အလောင်းတော်ကဿဖ စသည့် မြန်မာပြည်အနှံ့ခရီးစဉ်များနှင့် လူကြီးမင်းတို့စိတ်ကြိုက် ခရီးစဉ်များကို ဆောင်ရွက်ပေးနေပါသည်။
မြန်မာပြည်အနှံ့ခရီးစဉ်များဖြစ်သော ဘုရားဖူးခရီးစဉ်များ၊ လေ့လာရေးခရီးစဉ်များ၊ ဈေးဝယ်ခရီးစဉ်များကိုလည်း လစဉ်ထွက်ရှိပေးပါသည်။ ကုမ္ပဏီ၊ အဖွဲ့အစည်းများကဲ့သို့ မသကစလိုက်သီးသန့်သွားလိုသူများအတွက်လည်း Package Tour, Business Tour, Tailor made tour များ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာသွားလာနိုင်ရန် မိမိတို့၏ကုမ္ပဏီပိုင်ယာဉ်များဖြင့် အကောင်းဆုံးဝန်ဆောင်မှုများထားရှိပါ သည်။ ခရီးသွားဧည့်သည်များ၏ယုံကြည်အားထားမှုသည် ကျွန်ုပ်တို့၏အောင်မြင်မှုဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့ Golden Star Travels & Tours မှယာဉ်များ၏ကြံ့ခိုင်မှုကိုအမြဲစစ်ဆေးပေးပြီး လမ်းခရီးတစ်လျှောက် အဆင်ပြေစေရန် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကိုလည်း ယဉ်ကျေးပျူငှာသော ဝန်ဆောင်မှုများဖြင့် စီစစ်ထားရှိပါသည်။ လမ်းခရီးများတွင်လည်း အကောင်းဆုံး Hotel, အကောင်းဆုံးစားသောက်ဆိုင်များဖြင့် အကောင်းဆုံးစီစဉ်ဆောင်ရွက်ပေးပါသည်။
ကျွန်ုပ်တို့၏ဆောင်ပုဒ်မှာ
ကိုယ်အမူအယာယဉ်ကျေးပါ။ နှုတ်အမူအယာယဉ်ကျေးပါ။ မိမိကိုယ်ကိုလေးစားသောအားဖြင့် တစ်ဦးနှင့်တစ်ဦး လေးလေးစားစားဆက်ဆံပါ။ အလုပ်စကားပြောလျှင် စိတ်ရှည်ရှည်ထားပြီး၊ ပြောဆိုဆက်ဆံပါ။ ဟူသောဆိုင်ပုဒ်ကို အမြဲလက်ကိုင်ထားပါသည်။
Golden Star’s Customers FeedBack
ပျော်ရွှင်စရာခရီးလေးဖြစ်ခဲ့ပါတယ်….
အားလုံးအဆင်ပြေအောင်စီစဉ်ပေးတဲ့ guide
အန္တရာယ်ကင်းကင်း မောင်းနှင်ပေးတဲ့ ကားဆရာ တို့ကိုလဲ ကျေးဇူးတင်ပါတယ်…
အရမ်းပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖြစ်ခဲ့ပါတယ်..နောက်နှစ်တွေလဲ golden star နဲ့ခရီးတွေထွက်ဦးမှာပါ..ဝန်ဆောင်မှုကောင်းတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်😉
😉
Guide serviceအရမ်းကောင်းပါတယ် ။(Guide အမ ၄ ယောက်စလုံး အရမ်း take care လုပ်ပေးတယ်😊
😊
😊) Hotel ရော car service ရော အရမ်းကောင်းတယ် ။Excellent agency
😊
😊 အရာရာအဆင်ပြေလို့ နောက်ဆို Golden Star နဲ့ပဲသွားတော့မယ်
😉
😉
😉
Know More About Us
Our Services
ချောင်းသာ – ငွေဆောင် – ငပလီ – ကျိုက်ထီးရိုး သို့ (နေ့စဉ်) ပြေးဆွဲပေးနေပါသည်။
ကမ်းခြေခရီးစဉ်များ – ဘုရားဖူးခရီးစဉ်များ – အထက်မြန်မာပြည်ခရီးစဉ်များ ကိုလည်း ပြေးဆွဲပေးနေပါသည်။
လအလိုက်ခရီးစဉ်များ – အဆင့်မြင့်ဟိုတယ်များ – ကားအငှားဝန်ဆောင်မှု – အထူးသီးသန့်ခရီးစဉ်များ ကိုလည်း စီစဉ်ပေးပါသည်။
Discount Plan
Facebook Page ကို Like & Share ပေးခြင်းဖြင့် 20 % Discount ရယူလိုက်ပါ
Office Hours
မနက် ၉:၀၀ မှ ည ၉:၀၀ ထိ ဆက်သွယ်နိုင်ပါတယ်