Golden StarGolden Star
Forgot password?

Taunggyi-Inle-Pintaya-Kalaw-Katku

တောင်ကြီး မှ ကက္ကူ သို့ ခရီးစဉ်

 

Day(1) ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။

ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။
ညလည်စာကို ၁၁၅ မိုင်ရှိ Feel စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကိုကားပေါ်တွင် အိပ်စက်အနားယူပြီး လမ်းခရီးစဉ်တလျှောက် ကျန်းမာရေးအတွက် လိုအပ်သော နေရာများ တွင်ခေတ္တရပ်နားပေးပါမည်။

Day(2) နံနက်စာကို အောင်ပန်းမြို့တွင်သုံးဆောင်ပြီးနောက် ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွာပါမည်။

နံနက်စာကို အောင်ပန်းမြို့တွင်သုံးဆောင်ပြီးနောက် ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ညောင်ရွှေမြို့ရှိ Royal Inlay Hotel တွင် ခေတ္တအနားယူပြီး နောက်အင်းလေးကန် သို့သွားပါမည်။ အင်းထဲရှိ ဖောင်တော်ဦးဘုရား သို့ သွားရောက်ဖူးမျှော်ပြီးနောက် အလိုတော်ပေါက်ဘုရား၊ ကြောင်ခုန်ကျောင်းသို့ပို့ဆောင်ပေးပြီး နေ့လည်စာကို အင်းသားလေး စားသောက်ဆိုင်တွင် သုံးဆောင် ပါမည်။ ထို့နောက် ယက္ကန်းရုံသို့ ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် ညောင်ရွှေမြို့သို့ပြန်လည်ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးနောက် ၎င်းညကို ညောင်ရွှေမြို့ ရှိ Hotel တွင်အိပ်စက်အနားယူပါမည်။

Day(3) Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် မွေတော်ကက္ကူသို့ ပို့ဆောင်ပေးပါမည်။

Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် မွေတော်ကက္ကူသို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို တောင်ကြီးမြို့ရှိ စိန်စားသောက်ဆိုင်တွင်သုံးဆောင်ပြီး တောင်ကြီး မြို့ရှိ Royal Star Hotel တွင်ခေတ္တ အနားယူပါမည်။ နေ့ခင်းပိုင်းတွင် ထမ့်စမ်းလှိုဏ်ဂူသို့ ပို့ဆောင်ပေးပါမည်။ ညနေခင်းတွင် တောင်ကြီးမြို့ရှိ စူဌာမဏိဘုရားနှင့် ညဈေးတန်းသို့ ပို့ဆောင်ပေးပြီးနောက် Hotelတွင် အိပ်စက် အနားယူပါမည်။

Day(4) Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် ပင်းတယမြို့သို့ ဆက်လက်ထွက်ခွာပါမည်။

Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် ပင်းတယမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ပင်းတယမြို့ရှိ ကုံလုံဆရာတော် နှင့် ပင်းတယလှိုဏ်ဂူသို့ သွားရောက်ဖူးမျှော်ပြီးနောက် နေ့လည်စာကို ပင်းတယမြို့ရှိ ဦးအစိတ် စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ထို့နောက် မြင်းမထိလှိုဏ်ဂူနှင့် ကလောနှီးဘုရားသို့ ပို့ဆောင်ပေးပါမည်။ ညစာကို ကလောမြို့တွင် သုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ၎င်းညကိုကားပေါ်တွင် အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက်လိုအပ်သောနေရာများတွင် ကားခေတ္တရပ်နား ပေးပါမည်။

Day(5) မနက်ပိုင်းတွင် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာပြန်လည်ရောက်ရှိပါမည်။

မနက်ပိုင်းတွင် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာပြန်လည်ရောက်ရှိပါမည်။

End Of Service