Golden StarGolden Star
Forgot password?

Shweli

တရုတ်ပြည် ရွှေလီ ခရီးစဉ်

 

Day (1) ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။

ရန်ကုန်မြို့မှ ည(၇)နာရီတွင် ကားစတင်ထွက်ခွာပါမည်။ ညလည်စာကို (၁၁၅)မိုင်ရှိ (feel) စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကို ကားပေါ်တွင်အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက်လိုအပ်သော နေရာများတွင် ခေတ္တရပ်နားပေးပါမည်။

Day (2) မနက်ပိုင်းတွင် မန္တလေးမြို့တွင် မနက်စာသုံးဆောင်ပါမည်

Day (2)
နံနက်စာကို မန္တလေးမြို့တွင် သုံးဆောင်ပြီးနောက် မန္တလေးတောင်၊ရွှေကျောင်း၊ ကုသိုလ်တော်၊ ရန်ကင်းတောင်များသို့ ပို့ဆောင်ပေးပြီး နေ့လည်စာသုံးဆောင်ပါမည်။ မန္တလေးမြို့ရှိ Hotel တွင်ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင်တောင်သမန်အင်းထဲရှိ ဦးပိန်တံတားသို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် Hotel တွင်အိပ်စက်အနားယူပါမည်။

Day(3)
– Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်ဖူးမျှော်ရန်ပို့ဆောင်ပေးပါမည်။

Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်ဖူးမျှော်ရန်ပို့ဆောင်ပေးပါမည်။ ထို့နောက်ပြင်ဦးလွင်မြို့သို့ဆက်လက်ထွက်ခွာပြီး မဟာအံ့ထူးကံသာဘုရားကြီး၊ ပွဲကောက် ရေတံခွန်တို့ကိုပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ပိတ်ချင်းမြှောင်သဘာဝလိုဏ်ဂူသို့ပို့ဆောင်ပေးပြီး လားရှိုးမြို့သို့ဆက်လက်ထွက်ခွာပါမည်။ ညစာကိုလာရှိုးမြို့တွင်သုံးဆောင်ပြီး Hotel တွင် အိပ်စက်အနားယူပါမည်။

Day(4) Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် မူဆယ်မြို့သို့ဆက်လက်ထွက်ခွာပါမည်။

Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် မူဆယ်မြို့သို့ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာကိုမူဆယ်မြို့တွင်သုံးဆောင်ပြီးနော်က နိုင်ငံကူးလတ်မှတ်လုပ်ပြီး ကြယ်ခေါင်သို့သွားရောက်လည်ပတ်ပါမည်။ ညစာကို မူဆယ်မြို့တွင် သုံးဆောင်ပြီး ထိုညကို မူဆယ်မြို့ရှိ Hotel တွင် အိပ်စက်အနားယူပါမည်။

Day(5) Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် ရွှေလီမြို့တွင်ဈေးဝယ်ရင်း တစ်နေ့တာအချိန်ကိုကုန်ဆုံးပါမည်။

Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် ရွှေလီမြို့တွင်ဈေးဝယ်ရင်း တစ်နေ့တာအချိန်ကိုကုန်ဆုံးပါမည်။ နေ့လည်စာကို ရွှေလီမြို့တွင် သုံးဆောင်ပါမည်။ ညနေပိုင်းတွင် မူဆယ်မြို့သိုပြန်လည်ရောက်ရှိပြီး Hotel တွင်အိပ်စက်အနားယူပါမည်။

Day(6) Hotel တွင်မနက်စာသုံးဆောင်ပြီး ပြင်ဦးလွင်မြို့သို့ပြန်လည်ထွက်ခွာပါမည်။

Hotel တွင်မနက်စာသုံးဆောင်ပြီး ပြင်ဦးလွင်မြို့သို့ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို လာရှိုးမြို့တွင် သုံးဆောင်ပြီး သီပေါဘော်ကြိုဘုရားသို့ ပို့ဆောင်ပေးပါမည်။ ညစာကိုပြင်ဦးလွင်တွင်သုံးဆောင်ပြီး ဆွယ်တာတန်းသို့ ပို့ဆောင်ပေးပါမည်။ ထိုညကို ပြင်ဦးလွင်မြို့ Hotel တွင် အိပ်စက်အနားယူပါမည်။

Day(8) Hotel တွင် မနက်စာသုံးဆောင်ပြီးဘုံကျောင်းနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ပို့ဆောင်ပေးပါမည်။

Hotel တွင် မနက်စာသုံးဆောင်ပြီးဘုံကျောင်းနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ရန်ကုန်အပြန်ခရီးကိုစတင်ပါမည်။ ညစာကိုမိတ္ထီလာမြို့တွင်သုံးဆောင်ပြီး ညလည်စာကို ၁၁၅မိုင်ရှိ Feel စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကို ကားပေါ်တွင်အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက်လိုအပ်သောနေရာများတွင် ရပ်နားပေးပါမည်။

Day (8) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့စိတ်ချမ်းမြေ့စွာ ပြန်လည်ရောက်ရှိပါမည်။

နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့စိတ်ချမ်းမြေ့စွာ ပြန်လည်ရောက်ရှိပါမည်။

End Of Service