Golden StarGolden Star
Forgot password?

Mawlamyaing-Kyitekhami-Satsal

မော်လမြိုင်-ကျိုက္ခမီ-စက်စဲခရီးစဉ်

 

Day(1) ရန်ကုန်မြို့မှ ည(၈း၀၀)ခန့်တွင် ကားစတင်ထွက်ခွာပါမည်။

ရန်ကုန်မြို့မှ ည(၈း၀၀)ခန့်တွင် ကားစတင်ထွက်ခွာပါမည်။ ထိုညကိုကားပေါ်တွင်အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက်လိုအပ်သောနေရာများတွင် ကားရပ်နားပေးပါမည်။

Day(2) နံနက်စောစောတွင် မော်လမြိုင်မြို့သို့ ရောက်ရှိပြီးနောက် နံနက်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး စက်စဲကမ်းခြေသို့ ဆက်လက်ထွက်ခွာပါမည်။။

နံနက်စောစောတွင် မော်လမြိုင်မြို့သို့ ရောက်ရှိပြီးနောက် နံနက်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး စက်စဲကမ်းခြေသို့ ဆက်လက်ထွက်ခွာပါမည်။ ကမ်းခြေတွင်အပန်းဖြေအနားယူပြီးနောက် နေ့လည်စာကိုစားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ ထိုမှတစ်ဆင့် ကျိုက္ခမီရေလည်ဘုရားသို့ ပို့ဆောင်ပြီး မော်လမြိုင်မြို့သို့ ပြန်လည်မောင်းနှင်ပါမည်။ညနေပိုင်းတွင် လက်ဆောင်ပစ္စည်းဝယ်ရန် မော်လမြိုင်ဈေးသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက်ညစာကို စားသောက်ဆိုင်တွင်သုံးဆောင်ပြီး hotel တွင်အိပ်စက်အနားယူပါမည်။

Day(3) နံနက်စာကို Hotel တွင်သုံးဆောင်ပြီး ၀င်းစိန်တောရသို့ ၀င်ရောက်လေ့လာပါမည်။

နံနက်စာကို Hotel တွင်သုံးဆောင်ပြီး ၀င်းစိန်တောရသို့ ၀င်ရောက်လေ့လာပါမည်။ ရန်ကုန်အပြန်ခရီးတွင်ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားနှင့်ကြေးသွန်းဘုရားသို့ ၀င်ရောက်ဖူးမြှော်ပြီး ပဲခူးမြို့သို့ဆက်လက်မောင်းနှင်ပါမည်။ ပဲခူးမြို့တွင် ရွှေမောဓောစေတီတော်မြတ်ကြီးသို့ ၀င်ရောက်ပို့ဆောင်ပေးပြီး ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပါမည်။ ညဘက်တွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိပါမည်။

End Of Service