Golden StarGolden Star
Forgot password?

Mandalay-Alongtawkatthapha

မန္တလေး-အလောင်းတော်ကသာဖခရီးစဉ်

 

Day (1) ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။

ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။
ညလည်စာကို ၁၁၅ မိုင်ရှိ Feel စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကိုကားပေါ်တွင် အိပ်စက်အနားယူပြီး လမ်းခရီးစဉ်တလျှောက် ကျန်းမာရေးအတွက်လိုအပ်သောနေရာများတွင်ခေတ္တရပ်နားပေးပါမည်။

Day (2) မုံရွာမြို့ Great Hotel တွင် ခေတ္တအနားယူပါမည်။

နံနက်စာကို စစ်ကိုင်းမြို့တွင် သုံးဆောင်ပြီးနောက် ဥမင်သုံးဆယ်၊ ဥမင်ကိုးဆယ်၊ ဆွမ်းဦးပုညရှင်၊ စစ်ကိုင်းကောင်းမှုတော်ဘုရားများသို့ ပို့ဆောင်ပေးပြီး နေ့လည်စာကို မုံရွာမြို့တွင် သုံးဆောင်ပြီး မုံရွာမြို့ Great Hotel တွင် ခေတ္တအနားယူပါမည်။ ထိုနောက် မုံရွာမြို့ရှိ သမ္ဗ္ဗ္ဗ္ဗုဒ္ဓေ၊ ဗောဓိတစ်ထောင်၊ ကျောက္ကာ ရွှေဂူနီဘုရားနှင့် မုံရွာဈေးသို့ပိုဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် Great Hotel တွင် ပြန်လည်အိပ်စက်အနားယူပါမည်။

Day (3) Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် အလောင်းတော်ကသာဖသို့ပိုဆောင်ပေးပါမည်။

Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် အလောင်းတော်ကသာဖသို့ပိုဆောင်ပေးပါမည်။ ညနေပိုင်းတွင် မုံရွာမြို့သို့ပြန်လည်ရောက်ရှိပါမည်။ ညစာ သုံးဆောင်ပြီးနောက် Great Hotel တွင် အိပ်စက်အနားယူပါမည်။

Day (4) နေ့လည်စာ သုံးဆောင် ပါမည်။

နံနက်စာကို မန္တလေးမြို့တွင်သုံးဆောင်ပြီး မန္တလေးတောင်၊ ရွှေကျောင်း၊ ကုသိုလ်တော်၊ ရန်ကင်းတောင်များသို့ ပို့ဆောင်ပေးပြီး နေ့လည်စာ သုံးဆောင် ပါမည်။ မန္တလေးမြို့ရှိ Hotel တွင် ခေတ္တအနားယူပြီးနောက် ညနေပိုင်းတွင် တောင်သမန်အင်းထဲရှိ ဦးပိန်တံတားသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် မဟာမြတ်မုနိဘုရားသို့ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် Hotel တွင်အိပ်စက်အနားယူပါမည်။

End Of Service