Golden StarGolden Star
Forgot password?

Bagan-Nyaungoo-Popa

ပုဂံ-ညောင်ဦး-ပုပ္ပါး ခရီးစဉ်

 

Day (1) ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။

ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။
ညလည်စာကို ၁၀၅ မိုင်ရှိ Feel စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကိုကားပေါ်တွင် အိပ်စက်အနားယူပြီး လမ်းခရီးစဉ်တလျှောက် ကျန်းမာရေးအတွက်လိုအပ်သောနေရာများတွင်ခေတ္တရပ်နားပေးပါမည်။

Day (2) မနက်ပိုင်းတွင် ပုပ္ပါးတောင်ခြေသို့ရောက်ရှိပြီး မနက်စာသုံးဆောင်ပြီးနောက် ပုပ္ပါးတောင်ကလပ်သို့တက်ပါမည်

မနက်ပိုင်းတွင် ပုပ္ပါးတောင်ခြေသို့ရောက်ရှိပြီး မနက်စာသုံးဆောင်ပြီးနောက် ပုပ္ပါးတောင်ကလပ်သို့တက်ပါမည်။ နေ့ခင်းပိုင်းတွင် ပုဂံသို့ဆက်လက် ထွက်ခွာပါမည်။ ပုဂံရှိငှက်ပစ်တောင်ဘုရားသို့ ၀င်ရောက်ဖူးမျှော်ပြီး နေ့လည်စာကို အဆင့်မြင့် စားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ ထို့နောက် Hotel တွင်ဝင်ရောက် အနားယူပါမည်။ ညနေပိုင်းတွင် ထင်ရှားသော ဘုရားများဖြစ်သည့် ဓမ္မရာဇာ၊ အာနန္ဒာ၊ သဗေညု၊ ဓမ္မရံကြီးဘုရားများသို့ ပို့ဆောင် ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် အလိုတော်ပြည့်ဘုရားသို့ ပို့ဆောင်ပေးပါမည်။ ထိုညကို Hotel တွင်အိပ်စက်အနားယူပါမည်။

Day (3)ံ Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် စွယ်တော်လေးဆူဖြစ်သော ရွှေစည်းခုံ၊ လောကနန္ဒာ၊ တန့်ကြည်တောင်၊ တုရင်တောင်ဘုရားများသို့ ပို့ဆောင်ပေးပါမည်

ံHotel တွင်နံနက်စာသုံးဆောင်ပြီးနောက် စွယ်တော်လေးဆူဖြစ်သော ရွှေစည်းခုံ၊ လောကနန္ဒာ၊ တန့်ကြည်တောင်၊ တုရင်တောင်ဘုရားများသို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Hotel တွင် ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ထီးလိုမင်းလို၊ မြစေတီ၊ မနူဟာ စူဌာမဏိ၊ ကန့်တော့ပလ္လင်ဘုရားများသို့ ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပြီး ညစာကို ၂၈၅ မိုင်ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထိုညကိုကားပေါ်တွင် အိပ်စက်အနားယူပြီးကျန်းမာရေးအတွက် လိုအပ်သောနေရာများတွင် ကားရပ်နားပေးပါမည်။

Day (4) မနက်စောစောတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိပါမည်။

မနက်စောစောတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိပါမည်။

End Of Service