Golden StarGolden Star
Forgot password?

Bagan-Nyaungoo-Popa-Taunggyi-Inle-Pintaya-Kalaw

ပုဂံ-ညောင်ဦး-ပုပ္ပါး-တောင်ကြီး-အင်းလေး-ပင်းတယ-ကလော ခရီးစဉ်

 

Day (1) ရန်ကုန်မြို့မှ ည(၇း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။

ရန်ကုန်မြို့မှ ည(၇)နာရီခန့်တွင် ကားစတင်ထွက်ခွာပါမည်။ ညလည်စာကို (၁၁၅)မိုင်ရှိ စားသောက်ဆိုင်တွင်သုံးဆောင်ပါမည်။ထိုညကိုကားပေါ်တွင် အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက်လိုအပ်သောနေရာများတွင် ခေတ္တရပ်နားပေးပါမည်။

Day (2) မနက်ပိုင်းတွင် ပုပါးတောင်ခြေသို့ ရောက်ရှိပြီး မနက်စာသုံးဆောင်ပြီးနောက်ပု ပုပ္ပါးပ္ပါတောင်ကလပ်သို့တက်ပါမည်

မနက်ပိုင်းတွင် ပုပါးတောင်ခြေသို့ ရောက်ရှိပြီး မနက်စာသုံးဆောင်ပြီးနောက်ပု ပုပ္ပါးပ္ပါတောင်ကလပ်သို့တက်ပါမည်။ နေ့ခင်းပိုင်းတွင် ပုဂံသို့ဆက်လက်ထွက်ခွာပါမည်။ ပုဂံရှိငှက်ပစ်တောင်ဘုရားသို့ ၀င်ရောက်ဖူးမျှော်ပြီး နေ့လည်စာကိုစားသောက်ဆိုင်သုံးဆောင်ပါမည်။ ထို့နောက်( )Hotel တွင် ၀င်ရောက်အနားယူပါမည်။ ညနေပိုင်းတွင် ထင်ရှားသော ဘုရားများဖြစ်သည့် ဓမ္မရာဇာ၊အာနန္ဒာ၊ သဗ္ဗေညု၊ ဓမ္မရံကြီးဘုရားများသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် အလိုတော်ပြည့် ဘုရားသို့ပို့ဆောင်ပေးပါမည်။ ထိုညကို Hotel တွင်အိပ်စက်အနာုးယူပါမည်။

Day (3) Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် စွယ်တော်လေးဆူဖြစ်သော ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်နှင့် တန့်ကြည်တောင်ဘုရားများသို့ ပို့ဆောင်ပေးပါမည်

Hotel တွင်မနက်စာသုံးဆောင်ပြီးနောက် စွယ်တော်လေးဆူဖြစ်သော ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်နှင့် တန့်ကြည်တောင်ဘုရားများသို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကိုသုံးဆောင်ပြီးနောက် Hotel တွင်ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ကျန်ရှိသော တန်ခိုးကြီးဘုရားများဖြစ်သည့် ထီးလိုမင်းလို၊ မြစေတီ၊ မနုဟာ၊ စဠာမဏိ၊ ကန့်တော့ပလ္လင် ဘုရားများသို့ ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် အောင်ပန်းမြို့သို့ဆက်လက်ထွက်ခွာပါမည်။ ညစာကို လမ်းခရီးတွင်သုံးဆောင်ပြီး နံနက်စောစောတွင် အောင်ပန်းမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ညစာကို လမ်းခရီးတွင် သုံးဆောင်ပြီး နံနက်စောစောတွင် အောင်ပန်းမြို့သို့ရောက်ရှိပါမည်။

Day (4) မနက်စာကို အောင်ပန်းတွင် သုံးဆောင်ပြီးနောက် မွေတော်က္ကူသို့ ပို့ဆောင်ပေးပါမည်။

မနက်စာကို အောင်ပန်းတွင် သုံးဆောင်ပြီးနောက် မွေတော်က္ကူသို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို တောင်ကြီးမြို့ရှိ စိန်စားသောက်ဆိုင်တွင် သုံးဆောင်ပြီး Hotel တွင်ခေတ္တအနားယူပါမည်။ နေ့ခင်းပိုင်းတွင်ထမ့်စမ်းလှိုဏ်ဂူသို့ ပို့ဆောင်ပေးပါမည်။ ညနေခင်းတွင် တောင်ကြီးမြို့ရှိ စူဠာမဏိဘုရားနှင့် ညဈေးတန်းသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ထိုညကို တောင်ကြီးမြို့ရှိ Hotel တွင်အိပ်စက်အနားယူပါမည်။

Day (5) Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွာပါမည်။

Hotel တွင် မနက်စာသုံးဆောင်ပြီးနောက် ညောင်ရွှေမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ညောင်ရွှေမြို့ရှိ Hotel တွင် ခေတ္တအနားယူပြီးနောက် အင်းလေးကန်သို့သွားပါမည်။ အင်းထဲရှိ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ကြောင်ခုန်ကျောင်းသို့ ပို့ဆောင်ပေးပြီး နေ့လည်စာကို အင်းသားလေး စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် ယက္ကန်းရုံသို့ ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ညစာကို တောင်ကြီးမြို့တွင် သုံးဆောင်ပြီး Hotel တွင်အိပ်စက်အနားယူပါမည်။

Day (6) မနက်စာကို Hotel တွင် သုံးဆောင်ပြီးနောက် ပင်းတယမြို့သို့ ဆက်လက်ထွက်ခွာပါမည်။

မနက်စာကို Hotel တွင် သုံးဆောင်ပြီးနောက် ပင်းတယမြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ပင်းတယမြို့ရှိ ကုံလုံဆရာတော်နှင့် ပင်းတယလိုဏ်ဂူဘုရားဖူးပြီးနောက် နေ့လည်စာကို ပင်းတယမြို့ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် မြင်းမထိလိုဏ်ဂူနှင့် ကလောနှီးဘုရားသို့ ပို့ဆောင်ပေးပါမည်။ ညစာကိုကလောမြို့တွင် သုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ထိုညကို ကားပေါ်တွင်အိပ်စက်အနားယူပြီး ကျန်းမာရေးအတွက် လိုအပ်သောနေရာများတွင် ကားခေတ္တရပ်နားပေးပါမည်။

Day (7) မနက်စောစောတွင် ရန်ကုန်မြို့သို့ အဆင်ပြေချော့မွေ့စွာပြန်လည်ရောက်ရှိပါမည်။

မနက်စောစောတွင် ရန်ကုန်မြို့သို့ အဆင်ပြေချော့မွေ့စွာပြန်လည်ရောက်ရှိပါမည်။

End Of Service