Golden StarGolden Star
Forgot password?

Kyaiktiyoe Pagoda (The Golden Rock)

Kyaiktiyoe Pagoda (The Golden Rock)

Kyaiktiyoe မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားလေးဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း၏ ပေါင်းလောင်း တောင်ပေါ်တွင် စံပယ်တော်မူသည်။ ပင်လယ်ရေမျက်နှာနှာပြင်အထက် ပေ ၃၆၀၀တွင်တည်ရှိသော ကျိုက်ထီးရိုး စေတီတော်၏ကျောက်တုံးကြီး လုံးပတ်မှာ ၅၅တောင်တစ်မိုက်ခန့်ရှိပြီး အမြင့်မှာ ၈၃ တောင်မြင့်သည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်များ ကိန်းဝပ် အပူဇော်ခံယူနေသည်ဟူသော ယုံကြည်မှုဖြင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများလာရောက် ဖူးမြော်ကြသည်သာမက ယခုနောက်ပိုင်းတွင်နိုင်ငံတကာမှကမ္ဘာလှည့်ခရီးသွား များပါ လာရောက်ကြရာ များစွာစည်ကားလှသည်။ ရန်ကုန်မှကျိုက်ထီးရိုးစေတီတည်ရှိရာ ကင်ပွန်းစခန်းတောင်ခြေအထိ မိုင်၁၂၀၀န်းကျင်၊ ၎င်းမှစေတီရင်ပြင်သို့ရှစ်မိုင်ခန့်ကွာဝေးသည်။ ဘုရားသို့တက်ရာလမ်းတလျှောက်တွင် ဘုရားဖူးများနားနေတည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့အစရှိသည့်စခန်းများ၌ ဈေးဆိုင်ကန္နားများရှိပြီး မျှော်တော်ယောင်စေတီ၊လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့်ရွှေနန်းကျင်နတ်၊ ပန်းတင်နုတ်စသည့်နတ်နန်းများကို လည်းတွေ့ရှိနိုင်သည်။ကျိုက်ထီးရိုးဘုရားမှ တဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကိုဖြတ်၍ လေးမိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်းသွားရောက်ဖူးမြော် ဆုတောင်း လေ့ရှိပြီး ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီးနတ်နန်း၊ ဘုရားမြောက်ဘက်ရှိ ကျီးကန်းပါးစပ်(ခေါ်) ကျောက်ဂူနေရာတို့မှာဘုရားဖူးများ ဆုတောင်းအဓိဋ္ဌာန်ပြုလေ့ရှိကြသည်။ ကျိုက်ထီးရိုးရင်ပြင်တော်မှမြင်ရသော ရှုမျှော်ခင်းများမှာ အလွန်သာယာပြီး သဘာဝရေတံခွန် ကလည်းတမူထူးခြားစွာ လှပသည်။ သစ်တောထွက်ပစ္စည်းမျိုးစုံ၊ ယိုမျိုစုံ၊ သစ်ခွနှင့် သဘာဝတိုင်းရင်းဆေး၊ ဘယဆေးမျိုးစုံတို့ကိုလည်း ရရှိနိုင်သည်။