Golden StarGolden Star
Forgot password?

Chaung Thar

Chaung Thar Beach

 

ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့မှ အချိန်(၇:၀၀)နာရီ ဝန်းကျင်ပေးရုံဖြင့် သွားရောက်နိုင်သောကမ်းခြေတစ်ခုဖြစ်သည်။ ရန်ကုန်မြို့ပြနှင့် အလှမ်းမဝေးသလို လမ်းများကောင်း၍ ကမ်းခြေတည်ရှိရာ ချောင်းသာရွာနှင့်လည်း တစ်ဆက်တည်းတည်ရှိနေသောကြောင့် သွားရလာရလွယ်ကူ၊ အစားအသောက်ပေါကာ ကုန်ကျစရိတ် နည်းပါးသက်သာစွာဖြင့် အပန်းဖြေအနားယူနိုင်သည့် ကမ်းခြေတစ်ခုလည်းဖြစ်သည်။ ပင်လယ်စာမျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် စားသောက်နိုင်ပြီး ပင်လယ်ရေပြင်ကို တဖြူးဖြူးတိုက်ခိုက်လာသော ဆားငွေ့နံ့သင်းသည့် လေကို ရှူရှိုက်ရင်း ကမ်းခြေတွင် အပန်းဖြေနိုင်သည့်အပြင် ထူးခြားစွာတည်ရှိသော ကျောက်မောင်နှမ၊ ကျောက်ဖားကြီးချောင်းသာ ကမ်းခြေသို့သွားရောက်နိုင်ပြီး ကမ်းခြေနှင့်မနီးမဝေးမှ လှပသော သဲဖြူကျွန်း၊ ဖိုးကုလားကျွန်းတို့ဆီသို့လည်း အချိန်အနည်းငယ်ပေးပြီး စက်လှေစီးကာ သွားရောက်လည်ပတ်နိုင်သည်။ Speed Boat လေးများ စီး၍လည်း ချောင်းသာကမ်းခြေတစ်လျှောက် နေရာအနှံ့အရောက် သွားနိုင်သည်။