Golden StarGolden Star
Forgot password?

Destinations

 Golden Star မှ အကောင်းဆုံးခရီးစဉ်ဒေသများ

ချောင်းသာကမ်းခြေ

ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့မှ အချိန်(၇:၀၀)နာရီ ဝန်းကျင်ပေးရုံဖြင့် သွားရောက်နိုင်သော ကမ်းခြေတစ်ခုဖြစ်သည်။ ရန်ကုန်မြို့ပြနှင့် အလှမ်းမဝေးသလို လမ်းများကောင်း၍ ကမ်းခြေတည်ရှိရာ ချောင်းသာရွာနှင့်လည်း တစ်ဆက်တည်းတည်ရှိနေသောကြောင့် သွားရလာရလွယ်ကူ၊ အစားအသောက်ပေါကာ ကုန်ကျစရိတ် နည်းပါးသက်သာစွာဖြင့် အပန်းဖြေအနားယူနိုင်သည့် ကမ်းခြေတစ်ခုလည်းဖြစ်သည်။ ပင်လယ်စာမျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် စားသောက်နိုင်ပြီး ပင်လယ်ရေပြင်ကို တဖြူးဖြူးတိုက်ခိုက်လာသော ဆားငွေ့နံ့သင်းသည့် လေကို ရှူရှိုက်ရင်း ကမ်းခြေတွင် အပန်းဖြေနိုင်သည့်အပြင် ထူးခြားစွာတည်ရှိသော ကျောက်မောင်နှမ၊ ကျောက်ဖားကြီးချောင်းသာ ကမ်းခြေသို့သွားရောက်နိုင်ပြီး ကမ်းခြေနှင့်မနီးမဝေးမှ လှပသော သဲဖြူကျွန်း၊ ဖိုးကုလားကျွန်းတို့ဆီသို့လည်း အချိန်အနည်းငယ်ပေးပြီး စက်လှေစီးကာ သွားရောက်လည်ပတ်နိုင်သည်။ Speed Boat လေးများ စီး၍လည်း ချောင်းသာကမ်းခြေတစ်လျှောက် နေရာအနှံ့အရောက် သွားနိုင်သည်။

ငွေဆောင်ကမ်းခြေ

ငွေဆောင်ကမ်းခြေသည် ရန်ကုန်မြို့မှ မိုင်(၁၆၀)၀န်းကျင်၊ ပုသိမ်မြို့မှ အနောက်ဘက်သို့ ၄၈ကီလိုမီတာ(မိုင်၃၀) ခန့်အကွာတွင်တည်ရှိပြီး ကြည်လင် ၍အပြာရောင်ရှိသော ပင်လယ်ရေပြင် ဖြူဖွေးသောလှိုင်းများ၊ ရှည်လျားလှပသောသဲသောင်ပြင်တို့အပြင် ညစ်ညမ်းမှုကင်းစင်သည့် သဘာဝအတိုင်း ပတ်ဝန်းကျင်များရှိသဖြင့် မြန်မာနိုင်ငံ၏ အသာယာဆုံးနှင့် ချစ်စရာအကောင်းဆုံးကမ်းခြေတစ်ခုဖြစ်သည်။ ကမ်းခြေမှ မနီးမဝေးတွင်တည်ရှိသော ချစ်သူများကျွန်းသို့ ဒီရေကျချိန်တွင်လမ်းလျှောက်သွားနိုင်ပြီး ကျွန်းပေါ်တွင် တောင်ကလပ်တစ်ခုရှိရာ နေ၀င်ချိန်ညနေ ရှုခင်းကို တောင်ပေါ်မှ မြင်တွေ့ရခြင်းသည် လွန်စွာပြီးပြည့်စုံသော သဘာဝအလှတရားတစ်ခုပင်ဖြစ်သည်။ အမှတ်တရဓါတ်ပုံများ ရိုက်ကူးရန်နေရာကောင်းတစ်ခုလည်းဖြစ်သည်။ ငွေဆောင်ကမ်းခြေနှင့် မဝေးလှသောနေရာတွင် သွားရောက်လေ့လာစရာ ဆင်စခန်းရှိသည်။ သဘာဝကျသော တောတွင်းတစ်နေရာမှ ဗဟုသုတရပြီး အပန်းဖြေနေရာတစ်ခုလည်းဖြစ်သည်။ ကံကြီးချောင်း၊ ဒီရေရောက်တောနှင့် တံငါရွာ၊ သစ်ရောင်းကျွန်းနှင့် ငရုတ်ကောင်းကျွန်းများဆီသို့လည်း သွားရောက်လည်ပတ်နိုင်သည်။

ကျိုက်ထီးရိုး

မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားလေးဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း၏ ပေါင်းလောင်း တောင်ပေါ်တွင် စံပယ်တော်မူသည်။ ပင်လယ်ရေမျက်နှာနှာပြင်အထက် ပေ ၃၆၀၀တွင်တည်ရှိသော ကျိုက်ထီးရိုး စေတီတော်၏ကျောက်တုံးကြီး လုံးပတ်မှာ ၅၅တောင်တစ်မိုက်ခန့်ရှိပြီး အမြင့်မှာ ၈၃ တောင်မြင့်သည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်များ ကိန်းဝပ် အပူဇော်ခံယူနေသည်ဟူသော ယုံကြည်မှုဖြင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများလာရောက် ဖူးမြော်ကြသည်သာမက ယခုနောက်ပိုင်းတွင်နိုင်ငံတကာမှကမ္ဘာလှည့်ခရီးသွား များပါ လာရောက်ကြရာ များစွာစည်ကားလှသည်။ ရန်ကုန်မှကျိုက်ထီးရိုးစေတီတည်ရှိရာ ကင်ပွန်းစခန်းတောင်ခြေအထိ မိုင်၁၂၀၀န်းကျင်၊ ၎င်းမှစေတီရင်ပြင်သို့ရှစ်မိုင်ခန့်ကွာဝေးသည်။ ဘုရားသို့တက်ရာလမ်းတလျှောက်တွင် ဘုရားဖူးများနားနေတည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့အစရှိသည့်စခန်းများ၌ ဈေးဆိုင်ကန္နားများရှိပြီး မျှော်တော်ယောင်စေတီ၊လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့်ရွှေနန်းကျင်နတ်၊ ပန်းတင်နုတ်စသည့်နတ်နန်းများကို လည်းတွေ့ရှိနိုင်သည်။ကျိုက်ထီးရိုးဘုရားမှ တဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကိုဖြတ်၍ လေးမိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်းသွားရောက်ဖူးမြော် ဆုတောင်း လေ့ရှိပြီး ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီးနတ်နန်း၊ ဘုရားမြောက်ဘက်ရှိ ကျီးကန်းပါးစပ်(ခေါ်) ကျောက်ဂူနေရာတို့မှာဘုရားဖူးများ ဆုတောင်းအဓိဋ္ဌာန်ပြုလေ့ရှိကြသည်။ ကျိုက်ထီးရိုးရင်ပြင်တော်မှမြင်ရသော ရှုမျှော်ခင်းများမှာ အလွန်သာယာပြီး သဘာဝရေတံခွန် ကလည်းတမူထူးခြားစွာ လှပသည်။ သစ်တောထွက်ပစ္စည်းမျိုးစုံ၊ ယိုမျိုစုံ၊ သစ်ခွနှင့် သဘာဝတိုင်းရင်းဆေး၊ ဘယဆေးမျိုးစုံတို့ကိုလည်း ရရှိနိုင်သည်။

ငပလီကမ်းခြေ

Coming Soon

ပုဂံ

“မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်တဲ့ စကားအတိုင်း ကျွန်တော်တို့အားလုံးပဲ ပုဂံသို့ချီတက်ကြရအောင်”သဘာဝ၏အိုအေစစ်လို့တင်စားစရာ ပုပ္ပါးတောင်ကလပ်သို့ သွားရောက်လည်ပတ်ပြီးနောက် ပုဂံသို့ဆက်လက်ထွက်ခွာပါမည်။ ပုဂံမှ ဘုရားအစုံကိုဖူးမျှော်ရင်း သမိုင်းလမ်းကြောင်းတွေကို တဝကြီးနားထောင်ရအောင်။ရုပ်သေးရုပ်တွေကို ဝယ်ယူရင်း ဒုထည်မှာအကြီးမားဆုံးသော ဓမ္မံရံဘုရားကိုလေ့လာကြမယ်။ အနုပညာလက်ရာအမြောက်ဆုံးသော အာနန္ဒာဘုရားကိုလည်း အံ့သြမင်သက်စရာလေ့လာရမှာပါ။ နေဝင်ချိန်ဆည်းဆာကိုတော့ ပြသာဒ်ဘုရားက အလှဆုံးပါပဲ။ ညအချိန်ဆီမီးထိန်ထိန်နှင့် တင့်တယ်လွန်းတာက အလိုတော်ပြည့်ဘုရားပါ။ စွယ်တော်လေးဆူဘုရားတွေဖြစ်တဲ့ မုဒ်သုံးမုဒ်သာရှိတဲ့ လောကနန္ဒာ၊ အံ့ဖွယ်ကိုးပါးနှင့်တည်ရှိနေသော ရွှေစည်းခုံ ကိုလည်း  လေ့လာရမှာပါ။

မန္တလေး

Coming Soon